Loading ...

တစ်နေ့ ပိုစ့် အများဆုံး 5 ခုသာတင်နိုင်ပါသည်။

ပိတ်ပါ

ဝဘ်ဆိုက်အကြောင်း

အိမ်ခြံမြေရောင်းလိုသူ၊ဝယ်လိုသူ၊ငှားလိုသူ၊ငှားနေချင်သူ၊အဆောင်ငှားချင်သူနှင့်အဆောင်ရှာနေသူများကို ချိတ်ဆက်ပေးသော Website နှင့် Application ဖြစ်ပြီး မိမိတို့နှင့် အဆင်ပြေမည့်အိမ်ခြံမြေနှင့်အခန်းများကို အလွယ်တကူရှာဖွေနိုင်အောင်တည်ဆောက်ထားပါသည်။

အိမ်ခြံမြေရောင်းလိုသူ၊ငှားလိုသူနှင့်အဆောင်ငှားတင်ချင်သူများ အခမဲ့လွတ်လပ်စွာတင်နိုင်ပါသည်။

ဝယ်လိုသူ၊အငှားနေချင်သူများလည်း မိမိနှင့်အဆင်ပြေမည့်အိမ်ခြံမြေ၊အဆောင်များကိုရှာဖွေပြီး ရောင်းချသူ(သို့)အငှားတင်ချင်သူများကိုတိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါသည်။

အခု Website နှင့် Application သည် အချက်အလက်များရှိမှသာ အသုံးဝင်ပါလိမ့်မည်။ ထို့ကြောင့် အစပိုင်းမှာဆိုလျှင် ကျွန်တော်တို့ Admin Team ဘက်မှ ရောင်းရန်အိမ်ခြံမြေများ၊အငှားတင်ချင်သောအိမ်ခြံမြေများ၊အဆောင်များကို ကိုယ်စားတတ်နိုင်သလောက် ရှာဖွေပြီးတင်ပေးသွားပါမည်။အဲ့သည့်အတွက် အခကြေးငွေယူဆောင်ခြင်းမပြုပါ။

သို့သော် အိမ်ခြံမြေရောင်းလိုသူ၊အိမ်ခြံမြေဝယ်လိုသူ၊အိမ်ခြံမြေကိုငှားလိုသူများမှ မိမိတို့ကြော်ငြာနှင့်ပတ်သက်၍ ကန့်ကွက်ချင်ပါက Admin Team (bib.app.inquiry@gmail.com) သို့ တိုက်ရိုက်ဆက်သွယ်နိုင်ပါသည်။ Admin Team မှ ဆက်သွယ်မှုလက်ခံရရှိပါက အတတ်နိုင်ဆုံး မြန်မြန် ပြန်ဖျက်ပေးပါမည်။

ကိုဗစ်ကာလအတွင်း အိမ်ခြံမြေနှင့်အဆောင်အမျိုးမျိုးကို တစ်နေရာတည်းမှာအလွယ်တကူရှာဖွေတွေ့ရှိနိုင်ရန် ရည်ရွယ်၍ တည်ဆောက်ပေးထားခြင်းဖြစ်ပါသည်။ ထို့အတွက်လည်း အခကြေးငွေ ပေးဆောင်စရာ လုံးဝ မလိုအပ်ပါ။ အိမ်ခြံမြေနှင့်အဆောင်ရှာနေသူများအဆင်ပြေစေရန် ရည်ရွယ်ပြီး တတ်နိုင်သလောက် ကြိုးစားတည်ဆောက်ထားပါသည်။ အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေမှုများရှိပါက (bib.app.inquiry@gmail.com) သို့ အကြံပြုစာများပေးပို့နိုင်ပါသည်။

ကျေးဇူးတင်ပါသည်။ (Admin Team)